ဒီတစ်ခါတော့ Android ဖုန်းတွေအတွက် မြန်မာ font နဲ့  keyboard သွင်းနည်း
တင်ပေးလိုက်ပါတယ်။ မြန်မာ font သွင်းဖို့ အတွက် အရင်ဆုံး သင့်ရဲ့ ဖုန်းဟာ
root လုပ်ပြီးသား ဖြစ်ရပါမယ်။ Root မလုပ်ဘဲနဲ့  မြန်မာ font သွင်းလို
့မရပါဘူး။ Root လုပ်နည်းတွေကိုလဲ ဒီ blog လေးမှာ တင်ပေးထားပြီးသားပါ။
လိုအပ်တဲ့ files တွေကို အရင် Download ဆွဲလိုက်အုံး။ ပြီးရင် ကျွန်တော် ထုံးစံအတိုင်း step by step ရှင်းပြသွားပါမယ်... :)
Download MMFontForAndroid.rar
1. အရင်ဆုံး ကျွန်တော်ပေးထားတဲ့ rar file လေးကို extract လုပ်လိုက်ပါ။ APK File သုံးခုနဲ့ အတူ
Zawgyi-One.tff ဆိုတာ ထွက်လာလိမ့်မယ်။ အဲဒါတွေအားလုံးကို ဖုန်းရဲ့  Memory Card ထဲထည့်လိုက်ပါ။
2. ပြီးရင် FontChanger.apk လေးကို ဖုန်းမှာ install လိုက်လိုက်ပါ။ Super
user request လာတောင်းရင် Allow ပေးလိုက်ပါ။ FontChanger ကို install
လုပ်ပြီးရင် မိမိရဲ့  ဖုန်း Memory Card ထဲမှာ .fontchanger ဆိုတဲ့ folder
လေးတစ်ခု တိုးလာလိမ့်မယ်။
အဲဒီ Folder ထဲကို
Zawgyi-One.tff file ကို File Manager နဲ့ပဲဖြစ်ဖြစ်၊ ကွန်ပျူတာမှနေတစ်ဆင့် ဖြစ်စေ အဆင်ပြေတဲ့နည်းနဲ့  copy ကူးထည့်လိုက်ပါ။
3. ပြီးရင် ဖုန်းမှာ
FontChanger App လေးကိုဖွင့်လိုက်ပါ။ အဲဒီ App ထဲမှာ
Zawgyi One ဆိုပြီး တွေ့ ရလိမ့်မယ်။