Friday 15 March 2013

၆၅၂။ All Devices Root For Android / Tab / Pad

Unlock Root 2.4.2 | 10 MB |

ဒီကောင်လေးကတော့ ကျနော့်ကို မြန်မာနိုင်ငံကနေပြီး အကူအညီလှန်းတောင်း ထားလို့  အခြား အခြားသော ဘလော့ မိတ်ဆွေများလဲလေ့လာအသုံးပြုလို့ ရအောင် ဒီပို့ စ်လေးကိုရေးဖြစ်သွားတာပါ။ ပြဿနာကတော့ Samsung Galaxy S Plus (GT-I9001) ကို root လုပ်မရတာဖြစ်ပါတယ်။ကျနော်တို့ အွန်လိုင်း မှာ andriod mobile phone တွေနဲ့  ပတ်သက်ပြီး ရေးသားနေကြတဲ့ နည်းပညာ ရှင်ဆိုဒ်တွေအများအပြားပေါ် ထွက်နေတာကြောင့်လိုက်လံ ရှာဖွေသော်လည်းအကြောင်း အမျိုးမျိုးကြောင့် အဆင် မပြေမှု့ တွေနဲ့ သာရင်ဆိုင်နေကြရပါတယ်. ကလိရင်းနဲ့ ဆိုင်ပေါ်ရောက်သွားတဲ့ မိတ်ဆွေများ လည်း ရှိနေကြမှာပါဘဲ. အခု ပေးမဲ့ နည်းလမ်းက အရမ်းလွယ်ကူပါတယ် ဒီကောင်လေး root လုပ်ပေးနိုင်တာကတော့ android/tab/pad တွေအားလုံးမှာပြုလုပ်နိုင်မှာဖြစ်ပါတယ်။ windows  xp | vista | 7 | 8 အားလုံးမှာ အလုပ်လုပ်ပါတယ်။ ဒီနည်းကတော့ ကျနော်ဖတ်ဖူးတဲ့ နည်းလမ်းတွေထဲမှာ အသုံးပြုရတာလွယ်ကူပြီး ထိထိမိမိ အသုံးဝင်တဲ့နည်းပါ။သွင်းတားတဲ့ App တွေ နဲ့ ဖိုင်တွေ လည်း မပျက်စေ ပဲ root လုပ်နိုင်ပါတယ်။ android/tab/pad တွေအသုံးပြုနေတဲ့ ဘလော့ မိတ်ဆွေများ အတွက် အရမ်း အသုံးဝင်မှာဖြစ်ပါတယ်။ ခက်ခက်ခဲခဲ Recovery ထဲဝင်ဖို့လဲမလိုပါဘူး။ ကျနော်စမ်းသပ်လို့ အောင်မြင် တဲ့  Samsung Galaxy S Plus (GT-I9001)andriod အကြောင်းနဲ့ရှင်းပြပါ့မယ်။ မိမိတို့ ရဲ့  andriod ကို ထုံးစံအတိုင်း ကွန်ပျူတာနဲ ချိတ်ဆက်လိုက်ပါ.   မိမိ Android Device မှာ USB Debugging ကို ON ထားဖို့ လိုပါတယ်။{ Settings / Applications / Development /  USB Debugging ကိုအမှန်ခြစ် } ဘယ်လို လုပ်ရမလဲ မသိသေး တဲ့မိတ်ဆွေများ အောက်ကလင့်မှာ လေ့ လာ လိုက်ပါ။



ပြီးရင်တော့ အောက်မှာကျနော်ပေးထားတဲ့ software လေးကို download ယူပြီး မိမိကွန်ပျူတာမှာ install လုပ်လိုက်ပါ။ strat / allprograms / unlock root file ထဲက unlock root ကို ဖွင့်ပြီးအောက် ကပုံလေးအတိုင်း Root ကို click ပေးလိုက်ရင် မိမိဖုန်းရဲ အမျိုးအစား ကိုဖေါ်ပြပေးပါလိမ့်မယ်။ ဘယ်လို အမျိုးအစားတွေကို root လုပ်ပေးမလဲဆိုရင် အရင်ဆုံးမိမိအသုံးပြုနေတဲ့ အမျိုးအစားနဲ့ ကိုက်ညီမှု့ ရှိ / မရှိ ဆိုတာ အောက်က လင့်မှာ စစ်ဆေးကြည့်နိုင်ပါတယ်. Brand | Model | Version | Firmware ကိုအသေးစိတ်ဖေါ်ပြပေးထားပါတယ်။
တကယ်လို့ မိမိဖုန်းနဲ့ ကွန်ပျူတာ ချိတ်ဆက်ဖို့  driver မရှိသေးဘူးဆိုရင်  မိမိအသုံးပြုနေတဲ့  Brand | Model အမျိုး အစားအလိုက် driver ကို အောက်ကလင့်မှာ download ယူလိုက်ပါ။


ပြီးရင် SDK Driver ကို မိမိတို့ ဝင်းဒိုး 32-bit | 64-bit အလိုက် download ယူပြီး Install သွင်းလိုက်ပါ။



လိုအပ်တာတွေအားလုံးဖြည့်စွပ်ပြီးရင် အပေါ်ကပုံအတိုင်း  Root ကို click ပြီး မိမိဖုန်း device ကိုရှာလိုက်ပါ
မိမိဖုန်းအမျိုးအစားကိုတွေ့ ပြီဆိုရင် click ပေးပြီးခဏစောင့်နေပါသူ့ အလိုလို root လုပ်ပေးနေပါလိမ့်မယ်. အားလုံးပြီးသွားရင်တော့ မိမိဖုန်းထဲမှာ superuser icon လေးရောက်ရှိနေပြီး မိမိဖုန်းဟာ အမြစ်တူးပြီးသား ( root ) ဖုန်းအဖြစ်အောင်မြင်စွာပြုလုပ်နိုင်ခဲ့ပြီဖြစ်တာကိုပျော်ရွှင်စွာ မိတ်ဆွေများခံစားရမှာဖြစ်ပါတယ်. မိတ်ဆွေများ ဒီကောင်လေးကိုအသုံးပြု ဖို့ အခက်အခဲရှိနေရင် အောက် ကလင့်မှာ root လုပ်နည်း အသေးစိတ်ရှိပါတယ်.နောက်ဆုံးမှာ Yes ( or ) No နှစ်ခါမေးလာရင် Yes ကိုဘဲပေးလိုက်ပါ။

မိမိရဲ့ android phone ဟာ root ဖြစ် / မဖြစ် ကို စမ်းသပ်ချင်တယ်ဆိုရင် Root Checker လေးနဲ့ စမ်းသပ်နိုင် ပါတယ်။  Root Checker.apk ကို မိမိတို့ ဖုန်းထဲမှာ Install သွင်းပြီးဖွင့်လိုက်ပါ. program လေးပွင့်လာရင် Root  > Verify Root ကို နှိပ်ပေးလိုက်ပါ. သူ့ ရဲ့  Results မှာ Congratulations! You have root access! ဆိုပြီးအစိမ်းရောင်စာတမ်းလေး ကိုပြပေးရင် မိမိဖုန်းဟာ Root ဖြစ်သွားပါပြီ။
 Root Checker.apk


အဲဒီအချိန်မှာ ဒါမှ" ငါကွ " ဆိုပြီးလက်နောက်ပစ်ကာ အိမ်ရှေ့ နဲ့ နောက်ဖေး သုံးလေးခေါက်လောက်လျှောက်ပစ်လိုက်စမ်းပါ။ ဒီလိုမှအားမရသေးရင်လဲ ဂျွန်းလေး ဘာလေး ထိုးပြီးဝမ်းသာလိုက်ပေါ့လေ. တကယ်လို့  Unroot ပြန်လုပ်ချင်တယ်ဆိုရင်လဲ ရပါတယ်။

မှတ်ချက်။  ။ အခုဒီကောင်လေးက v2.4.2 version ဖြစ်ပြီး နောက်ဆုံးထုတ်ကုန်ဖြစ်တဲ့ Samsung Galaxy Note/S2/Sအတွေထိ အသုံးပြုနိုင်ပြီး အခုနောက်ဆုံး version 3.0 ကတော့ အောက်မှာဖေါ်ပြထားတဲ့ နောက် ဆုံး ထွက် model တွေမှာ ပါအသုံးနိုင်တော့မှာဖြစ်ပါတယ်. 


-- Support Samsung Galaxy Note2/SIII 4.1.1
-- Support Samsung Galaxy Note/SII 4.0.3
-- Support Samsung Amazon Kindle Fire 6.3.1
-- Support Android 2.2-2.3,4.0.0-4.0.3
အသုံးပြုချင်တဲ့မိတ်ဆွေများအောက်မှာ download ယူနိုင်ပါတယ်...
DOWNLOAD:

share by;  http://nayminkhit.blogspot.com
ကျေးဇူးတင်ပါတယ်...



Share/Bookmark
Read Full Post

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...