Sunday 28 April 2013

Android Phone တွေမှာ Pattern Lock မေ့နေသူများအတွက် Lock ဖျက်နည်း

http://www.xda-developers.com/wp-content/uploads/2012/08/Pattern-Lock.jpg
Android Phone ကိုင်ဆောင်ထားသူတွေ သိထားသင့် ရှိထားသင့်တဲ့ PC Software လေးတစ်ခု မျှဝေပေးချင်
ပါတယ်ဗျာ။ ဘယ်လိုမျိုးအသုံးဝင်သလည်းဆိုရင် မိမိရဲ့ Phone ကို အခြားသူများဝင်မကြည့်နိုင်စေရန်အ
တွက် Pattern Lock ထားကြပါတယ်။ အဲဒီ Pattern Lock ကို မေ့သွားပြီဆိုရင်တော့ ဖုန်းထဲကိုဝင်လို့မရတော့
ပါဘူး။ အဲဒီတော့ Pattern Lock မေ့တက်သူများအတွက် Pattern Lock ဖျက်တဲ့ Software ကိုတင်ပေးလိုက်ရ
ခြင်းဖြစ်ပါတယ်ဗျာ။ အဲဒီလိုဖျက်ခြင်းအားဖြင့် မိမိရဲ့ Personal Data တွေ တစ်ခုမှပျက်သွားမှာမဟုတ်ပါဘူး။
တစ်ခုတော့ရှိတယ်နော် USB Debugging On ထားခဲ့ဖို့တော့လိုပါတယ်ဗျာ။  On မထားခဲ့မိပြန်ရင်လည်း
Pattern Lock ကိုဖျက်နိုင်မှာမဟုတ်ပါဘူး။ နောက်ထပ် အရေးကြီးဆုံးတစ်ချက်ကတော့ Root လုပ်ထားတဲ့
ဖုန်းများမှသာ Pattern Lock ကိုဖျက်နိုင်မှာဖြစ်ပါတယ်ဗျာ။ ဒါတွေအားလုံးလုပ်ထားပြီးပြီဆိုရင် Pattern Lock
ကိုဖျက်ဖို့လွယ်သွားပါပြီ။ 
Step - 1 အောက်မှာပေးထားတဲ့ File ကိုဒေါင်းလုပ်ဆွဲပေးပါ။
Step - 2 ဖုန်းနဲ့ကွန်ပြူတာကို USB ကြိုးနဲ့ ချိတ်လိုက်ပါ။
Step - 3 ဒေါင်းလို့ရလာတဲ့Remove Pattern ဆိုတဲ့ ဖိုဒါထဲက Remove Pattern.bat File ကို Double Click နှိပ်
လိုက်ပါ။
Step - 4 Press any key to continue ဆိုတဲ့ စာတန်းလေးပေါ်လာရင်တော့ Enter ခေါက်ပေးပါ။ ဒါဆိုရင်တော့
ပြီးဆုံးသွားပါပြီ။ Pattern Lock ကိုမိမိစိတ်ကြိုက် ပြန်ပြင်နိုင်ပါပြီ။

အားလုံးဘဲအဆင်ပြေကြပါစေဗျာ။



**  Step-1.အောက်က Download Button ကိုနှိပ်လိုက်ပါ  
**  Step-2. "5sec". လောက်စောင့်ပေးပါ။

**  Step-3. "  << SKIP AD >>   ".ကိုနှိပ်ပေးပါ။
**  Step-4. Download Link ကျလာပါလိမ့်မယ်။
**  အဆင်ပြေပါစေဗျာ။





Share/Bookmark
Read Full Post

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...