Friday 2 August 2013

Web Page တွေကို မြန်မြန်ဆန်ဆန်ဖွင့်ပေးမယ့် GoogleWebAccelerator

 
အရင်ကတည်းက နှေးနေရတဲ့ကြားထဲ SEME-3 ဆိုလားဘာဆိုလားဗျာ.. အဲဒီကြိုး ပြတ်လို့ ဆိုပြီးထပ်နှေးလိုက်တဲ့ Connection .. အီးမေးတောင်ဖွင့်မရဘူး.. အင်တာနက်ကို မြန်အောင်လုပ်ပေးမယ့် Software တွေကလည်း ဒီရက်ပိုင်း သိပ်မစွမ်းဆောင်နိုင်ပါဘူး.. နဂိုရှိမှ နဂိုင်းထွက်မှာမဟုတ်လား..
ဒီနေ့တော့ Google က တရားဝင်ထုတ်လုပ်တဲ့ GoogleWebAccelerator ဆိုတဲ့ Software လေးတစ်ခုတွေ့လာလို့ သုံးကြည့်လိုက်တာ.. Web Page တွေကိုတော့ တကယ် မြန်မြန်ဆန်ဆန် ဖွင့်ပေးနိုင်တာကို တွေ့ရပါတယ်.. Firefox, Chrome, IE စတဲ့ Browser တွေကို Support ပေးတယ်ခင်ဗျ.. Extension မှာ အလုပ်လုပ်ပေးတာပါ.. Firefox ကိုတော့ Version 22.0 နှင့်အထက်မှာမှ အလုပ်လုပ်တယ်ခင်ဗျ.. IE 7, Chrome 25 နှင့်အထက်တွေမှာ အလုပ်လုပ်ပါတယ်.. Download Speed ကိုတိုးပေးတာမဟုတ်ဘူးနှော်.. Web Page တွေကိုပဲ မြန်မြန်ဆန်ဆန် ဖွင့်ပေးတာပါ.. Web Page တွေကိုပဲ ကြည့်တဲ့သူတွေအတွက် သိပ်ကောင်းတာပေါ့ဗျာ..

အဆင်ပြေကြပါစေခင်ဗျ..

မောင်ပေါက် < Knowledge Note >
www.maungpauk.org



Share/Bookmark
Read Full Post

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...