Saturday 9 April 2016

MX PLAYER 


မတင်ပေးဖြစ်တာကြာပြီဖြစ်တဲ့ လေးပါ

Android သမားတွေအတွက် မရှိမဖြစ်..Playerပြပါဆိုရင်

ဒီ MX Player လေးကို ပြရမှာပါ..

ဒီ Player လေးနဲ့ ဖွင့်လို့ မရတဲ့ video format 

ဆိုတာမရှိသလောက်ပါပဲ..

ဒါပေမယ့်  MKV format avi format တွေကို ဖွင့်မရတာ

တော်တော်များများ ကြုံဖူးကြမယ်ထင်ပါတယ်..

mp4 ကို MX Player နဲ့ ကြည့်လို့ အဆင်ပြေပေမယ့်..

mkv.avi ဖိုင်တွေ၊ IPTV လင့်တွေကို ဖွင့်တဲ့အခါ..

အသံပဲကြားရပြီး ရုပ်မမြင်ရတာ..

မြင်ရတော့လည်း ထစ်ထစ် နဲ့ ကြည့်လို့ အဆင်မပြေတာတွေ 

ဖြစ်ဖူးကြမှာပါ..ဒါကလည်း

တကယ်တော့ လွယ်လွယ်လေးပါ..

ကိုယ့်ချင်တဲ့ MKV ဖိုင်လေးကို MX Player နဲ့ ဖွင့်လိုက်..

အောက်က ပုံကို ကြည့်ပါ..


ကြည့်လို့ မရတဲ့ video ဆိုရင် ပုံမှာ ပြထားတဲ့ နေရာလေးကို

ထောက်လိုက်ရင် အောက်က ပုံအတိုင်းကျလာပါမယ်..


အဲဒီမှာ ပုံမှာပြထားတဲ့အတိုင်း S/W decoder ကိုရွေး

လိုက်ရင်

အရင်က အသံပဲကြားရပြီး ရုပ်မမြင်ရတာ.. 

 မြင်ရတော့လည်း ထစ်ထစ် နဲ့ ကြည့်လို့ 

အဆင်မပြေတဲ့ 

video တွေကို အဆင်ပြေပြေပြေကြည့်နိုင်ပါပြီ..

IPTV လင့်တွေကိုကြည့်မယ်ဆိုရင်တော့းးးးးးးး

MX PLAYERကိုဖွင့်ပြီး

ညာဘက်အပေါ်ထောင့်က အစက်သုံးစက် သို့ မဟုတ် 

MENUကိုနှိပ်ပါ။

ပေါ်လာတဲ့ BOX မှ Network streamဆိုတာကိုရွေးပေးပြီး

မိမိကူးလာသော လင့်ကိုထည့်၍ OK ပေးလိုက်ပါက

အဆင်ပြေပါပြီ

Image Hosted by UploadHouse.com




Share/Bookmark
Read Full Post

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...