Monday 2 May 2016

IOS သမားများအတွက် APPLE ID ပြုလုပ်နည်း 

မင်္ဂလာပါ  ဒီတစ်ခါတော့ တဂျီဂျီတပွမ်ပွမ်နဲ့ တောင်းနေကြတဲ့ Apple ID ကို ကိုယ်တိုင်လုပ်တတ်အောင် လုပ်နည်းလေးရေးပေးမှာဖြစ်ပါတယ်.. သိပြီးသားဖြစ်သော ကိုကို မမများ ဤပို့စ်ကို ကျော်သွားလိုက်ပါခင်ဗျာ မသိသေးသော သူများအတွက် ရေးပေးခြင်းဖြစ်ပါတယ်။ ကဲစလိုက်ကြရရောင် ပထမဆုံးရေးပေးမှာကတော့ ဖုန်းနဲ့ဖွင့်နည်းဖြစ်ပါတယ်။

ပထမဆုံးအနေနဲ့ မိမိဖုန်းထဲကနေ App Store ကိုဖွင့်ပါ ပြီးရင် မိမိနှစ်သက်ရာ Free app တစ်ခုကိုဒေါင်းလိုက်ပါ...


ပြီးသွားရင်တော့ apple ID တောင်းပါလိမ့်မယ် အဲဒီနေရာမှာ Create New Apple ID ကိုနှိပ်ပြီးတော့သွားလိုက်ပါ





ပြီးသွားရင်တော့ Store ကိုမလေးရှားလို့ရွေးပေးလိုက်ပါ..  Next ကိုနှိပ် Agree ကိုနှိပ်ပြီးတော့ ဆက်သွားလိုက်ပါ



နောက်စာမျက်နှာ ရောက်ပြီဆိုပြီဆိုရင်တော့ မိမိ Email နဲ့ မိမိအသုံးပြုမည့် password ထည့်ပါ။ Password ထည့်တဲ့နေရာမှာ အနည်းဆုံး 8 လုံးထည့်ရမှာဖြစ်ပြီး စာလုံးကြီးတစ်လုံးနှင့် ဂဏန်းများပါဝင်ရမှာဖြစ်ပါတယ် အလွယ်ဆုံးနည်းကတော့ ပထမဆုံးစာလုံးကို အကြီးနဲ့ရေးပြီး ကျန်တာကို ပုံမှန်ရေးသွားလိုက်ပါ အဆင်ပြေမှာပါ ဥပမာ= Moenyothar12345 အဲလိုမျိုးပေါ့။ ပြီးသွားရင် Question နဲ့ Answer မှာ မိမိမှတ်မိလွယ်မည့် မေးခွန်းနဲ့ အဖြေကိုထည့်ပါ အရေးကြီးပါတယ်။ တစ်ချိန်ချိန်မှာ မိမိ Password မေ့သွားခဲ့ရင် ပြန်ထည့်ပေးရမှာဖြစ်ပါတယ်။ နောက်ထပ် မွေးနေ့ ရက် လ တွေကိုထည့်ပါ ပြီးရင် Next ကိုနှိပ်ပြီးတော့ ဆက်သွားပါ။





ကဲအခုဆိုရင်တော့ Billing Information  ထည့်ရမည့်နေရာကိုရောက်ပါပြီ ဒီနေရာမှာ Visa , MasterCard , Amex , None ဆိုပြီးတော့ ရှိပါတယ်။ ဒီနေရာမှာ ပြောစရာရှိပါတယ် အပေါ်မှာကျွန်တော်ပြောခဲ့သလို Free app ကို နှိပ်မလာမိရင်တော့ None ဆိုတာ ပေါ်မှာမဟုတ်ပါဘူး။ None ကိုအမှန်ခြစ်ခြစ်ပေးလိုက်ပါ။ ပြီးရင် ကျန်တာတွေဆက်ထည့်ရအောင် Title မှာ Mr/Ms ရွေးပါ။ First Name ထည့် Last Name ထည့်ပါ။ Address နေရာနှစ်ခုစလုံးမှာ Balakongလို့ရေးထည့်ပါ. Postcode နေရာမှာ 43300လို့ထည့်ပါ။
Town နေရာမှာ Seri Kembangan လို့ရေးထည့်ပါ... County မှာ Kuala Lumpur ကိုရွေးပေးလိုက်ပါ. ပြီးသွားရင်တော့ ဖုန်းနံပတ်ကို မိမိကြိုက်တာထည့်ပါ. ပြီးသွားရင်တော့ Next ကိုနှိပ်ပါ ပြီးသွားရင်တော့ Verify Your Account ဆိုပြီးတော့ မိမိ အီးမေးလ်မှာ Verify လုပ်ဖို့ပြောပါလိမ့်မယ် ဒါဆိုရင် Account လုပ်ခြင်းပြီးဆုံးပါပြီ.







ပြီးသွားရင်တော့ စောစောကထည့်ခဲ့တဲ့ Email ကိုဖွင့်ပြီးတော့ Apple ကပို့ထားတဲ့ mail ကိုဖွင့်ပါ.ပြီးတော့ Verify Now ဆိုတာကို နှိပ်ပြီးတော့ ထည့်ခဲ့တဲ့ ID နဲ့ Password ကိုထည့်ပေးလိုက်ပါ.. ပြီးပြီဆိုရင်တော့ Apple ID ကိုစတင်ပြီးတော့ သုံးလို့ရပါပြီ။ အဆင်ပြေကြပါစေဗျာ။ ဒါကတော့ ဖုန်းနဲ့ဖွင့်တဲ့နည်းလမ်းဖြစ်ပါတယ်။ 


ကွန်ပျူတာနဲ့ ဖွင့်မည့်သူတွေကတော့ ကွန်ပျုတာမှာ iTunes ရှိရမှာဖြစ်ပါတယ် မရှိသေးရင်ဒီနေရာကို နှိပ်ပြီးတော့ သွားယူလိုက်ပါ။ ကွန်ပျူတာမှာ iTunes  ရှိပြီဆိုရင် iTunes ကိုဖွင့်ပါ။ iTunes ရဲ့ အပေါ်ဘက် ညာဘက်ထောင့်မှာ ရှိတဲ့ iTunes Store ဆိုတဲ့နေရာလေးကိုနှိပ်လိုက်ပါ..




iTunes Store ကိုရောက်ပြီဆိုရင် App Store ဆိုတာကို ထပ်နှိပ်ပါ။ App Store ထဲရောက်သွားပါလိမ့်မယ်။



 ရောက်ပြီဆိုရင် အထဲမှာ ရှိတဲ့ Free App တစ်ခုကို  နှိပ်လိုက်ပါ



App နဲ့ပတ်သက်တာတွေ ကြလာပါလိမ့်မယ် Icon အောက်က Free လို့ရေးထားတာကို နှိပ်လိုက်ပါ apple ID နဲ့ Password ထည့်ရန် ကျလာပါလိမ့်မယ်။



Box ကျလာပါက Create Apple ID ကိုဆက်နှိပ်ပါ..



ပြီးရင် အောက်မှာပြထားတဲ့  ပုံပါအတိုင်း Continue ဆိုတာကိုနှိပ်ပါ.. နောက်ထက်စာမျက်နှာသို့ရောက်ပါလိမ့်မည်




ဒီစာမျက်နှာမှာတော့ I have read and agree to these terms and conditions ဆိုတာကို အမှန်ခြစ်ပေးပြီးတော့ Agree ကိုဆက်နှိပ်ပါ ..





Apple ID ဖွင့်တဲ့နေရာကို ရောက်ပါပြီခင်ဗျာ .. ကျန်တာတွေကတော့ ဆက်ပြီးတော့ လုပ်တတ်လိမ့်မယ်လို့ မျော်လင့်ပါတယ်.. အပေါ်မှာရေးခဲ့တဲ့ ဖုန်းနဲ့ဖွင့်နည်းမှာ ဒီအဆင့်ကနေစပြီးတော့ အကုန်အတူတူပါပဲ



အဆင်မပြေတာများရှိခဲ့ရင် Comment ပေးခဲ့ကြပါ. အဆင်ပြေကြပါစေဗျာ.. 


Share/Bookmark
Read Full Post

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...